美丽的掸邦,拥有山区公路

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

တောင်ပေါ်ကားလမ်းများဖြင့် လှပနေသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း (၁)

နှစ်နိုင်ငံကုန်သွယ်ရေးအတွက်
မြန်မာ-လာအို ချစ်ကြည်ရေးတံတား
ရှမ်းပြည်နယ်အရှေ့ပိုင်းမှ တောင်ပေါ်ကားလမ်းများ အကြောင်း သတင်းနှင့် သတင်းဆောင်းပါးများ ရေးရန် အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးအား ကျွန်တော်ခွင့်တောင်းပြီး ကျိုင်းတုံ၊ တာချီ လိတ်၊ မိုင်းဆတ်၊ မက်မန်းလေးခရိုင်သို့ သွားခဲ့သည်။
သွားသည့်နေ့တွင် ရန်ကုန်မှ တာချီလိတ်သို့ လေယာဉ် ဖြင့်လိုက်ပါပြီး တာချီလိတ်လေဆိပ်မှ ကားဖြင့် တာချီ လိတ်-တာလေ-ပါလျှိုး-ကျိုင်းလတ် ကားလမ်းအတိုင်း ထွက်ခဲ့ရာ ကျိုင်းလတ်မြို့အရောက် တွင် “မြန်မာ-လာအို ချစ်ကြည်ရေးတံတားကြီး”ကို ခံ့ညားထည်ဝါစွာ တွေ့ရ သည်။

တံတားကြီး၏ ဒီဘက်ထိပ် မြန်မာဘက်တွင် နယ်စပ် ကုန်သွယ်ရေးဆောင်ရွက်ရန် တည်ဆောက်ထားသော စစ်ဆေးရေးဂိတ် အဆောက်အအုံတစ်ခုနှင့် တံတားကြီး ဟိုဘက်ထိပ် လာအိုဘက်ခြမ်းတွင်လည်း နယ်စပ်ကုန် သွယ်ရေးဆောင်ရွက်ရန် တည်ဆောက်ထားသော စစ်ဆေး ရေးဂိတ် အဆောက်အအုံတစ်ခုတို့ကို တွေ့ခဲ့ရသည်။ သို့သော် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကိုတော့ဆောင်ရွက်နိုင်ခြင်းမရှိသေးသဖြင့် ချစ်ကြည်ရေးတံတား ပေါ်နှင့် နှစ်နိုင်ငံဂိတ်များ၌ လူနှင့်ကားများ ရှင်းနေ သည်။

မြန်မာ-လာအို ချစ်ကြည်ရေးတံတားသို့ သွားသည့် တာလေ-ပါလျှိုး-ကျိုင်းလတ် ကားလမ်း၏ တာလေမြို့ တွင်းလမ်းပိုင်းမှာ ကျဉ်းမြောင်းပြီး လမ်းဘေး ဝဲယာ နှစ်ဖက်တွင် လူနေအိမ်များ အခိုင်အမာဆောက်လုပ် ထားသည့်အတွက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး လုပ်ချိန်တွင် ယာဉ်သွားလာမှုများပြားလာပါက သွားလာ မှုခက်ခဲနိုင်သဖြင့် ယာဉ်ကြီးများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရန် တာလေမြို့ရှောင်လမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း လမ်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တာချီလိတ်ခရိုင် လမ်း ဦးစီးက ဖောက်လုပ်တော့မည်ဟု သိခဲ့ရသည်။ ထို့အပြင် မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော လယ် မြေ၊ ခြံမြေ၊ သီးနှံ၊ အိမ်ရာ၊ အဆောက်အအုံများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လျော်ကြေးငွေ ကျပ် ၁၃၉၉၃၄၃၀၀၀ ကို ပေးအပ်နေပြီဖြစ်ကြောင်းလည်း သိခဲ့ရသည်။

ကျွန်တော်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း လမ်းဦးစီးမှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် မြန်မာ-လာအို ချစ်ကြည်ရေးတံတားကြီးအဆုံး လာအိုဘက်ကမ်းအထိ သွားခဲ့ပြီး ကားကိုကွေ့ကာ မြန်မာဘက်ခြမ်းသို့ ပြန်ခဲ့ကြ သည်။ မြန်မာ-လာအို ချစ်ကြည်ရေးတံတားကြီးသည် အရှည် ၂၂၆၉၃ ပေရှိပြီး ၉-၅-၂၀၁၅ ရက်နေ့ကတည်းက တည်ဆောက်ပြီးစီးခဲ့ရာ ယခုဆိုလျှင် လေးနှစ် ကျော်နေပြီ ဖြစ်သည်။

ထိုနေ့က တာချီလိတ်မြို့၌ညအိပ်ပြီး နံနက်စောစော ကားတစ်စီးဖြင့် ထွက်ခဲ့သည်။ ဦးတည်သွားနေသည်က တာချီလိတ်ခရိုင်နယ်စပ် ရွှေပြည်အေးရွာကလေးဖြစ် သည်။ ရွှေပြည်အေးရွာအရောက်တွင် တာချီလိတ်ခရိုင် လမ်းဦးစီးမှ လိုက်ပို့သူ ခရိုင်အင်ဂျင်နီယာ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇင်မင်းဦးက ကျွန်တော်တို့အား မိုင်းဆတ်ခရိုင်မှ လာကြိုသူ လက်ထောက်ညွှန်ကြား ရေးမှူး ဦးမျိုးဇာနည်ဦးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး တာချီလိတ်သို့ ပြန်သွားသည်။
ဦးဇင်မင်းဦးသည် တာချီလိတ်၌ အမှတ်(၂) ချစ်ကြည် ရေး တံတားနှင့် စက်မှုရပ်ကွက်အကြား မယ်ဆိုင်- မယ်ဟောက် ချောင်းတစ်လျှောက် နယ်နိမိတ်ပတ်လမ်း နှင့် တာချီလိတ်မြို့ရှောင်လမ်းဖောက်လုပ်ရေးကိစ္စ၊ တာလေ မြို့ရှောင်လမ်း လျော်ကြေးပေးရေးကိစ္စများ ရှိနေသဖြင့် တာချီလိတ်သို့ ပြန်သွားခဲ့ခြင်းဖြစ်သည်။

နယ်နိမိတ်ပတ်လမ်း
တာချီလိတ်တွင် နိုင်ငံတော်၏ လိုအပ်ချက်အရ နယ်စပ်ကျက်သရေဆောင် နိုင်ငံတော်နယ်နိမိတ်ပတ်လမ်း (ပထမအဆင့်) ဖြစ်မြောက်ရန် စီစဉ်နေကြောင်းနှင့် ထိုင်းနိုင်ငံဘက်မှာမူ နယ်နိမိတ်ပတ်လမ်းမှာ ဖောက်လုပ် ပြီးဖြစ်ကြောင်း သိရသည်။ မယ်ဆိုင်-မယ်ဟောက် ချောင်းရေကို မြန်မာ-ထိုင်း နှစ်နိုင်ငံ သာတူညီမျှသုံးစွဲရေး၊ ရေစီး ကြောင်းပြောင်းလဲမှု ထိန်းသိမ်းရေး၊ ချောင်းကမ်း ပါး ရေတိုက်စား၍ နိုင်ငံပိုင်‌မြေများ ဆုံးရှုံးမှုမဖြစ်စေရေး အတွက် ဆောင်ရွက်နေ‌ကြောင်း၊ ထို့ပြင် တာချီလိတ် မြို့အတွင်း ဖြတ်သန်းသွားလာနေသော ကားများကြောင့် ပြည်သူများ ယာဉ်အန္တရာယ်မဖြစ်စေရန် ဆောင်ရွက်နေ ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း လမ်းဦးစီးဌာနသည် မယ်ဆိုင်-မယ်ဟောက် ချောင်းတစ်လျှောက် နယ်နိမိတ် ပတ်လမ်းကို အပိုင်းနှစ်ပိုင်းခွဲ၍ ဆောင်ရွက်ရန် လျာထား လျက်ရှိသည်။ နယ်နိမိတ်ပတ်လမ်း အပိုင်း(၁)မှာ လေးမိုင် ရှိပြီး မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှ လေယာဉ်ကွင်းအနီး စက်မှုဇုန်ဖြတ်လမ်းအထိနှင့် မယ်ဆိုင်ချောင်းတစ်လျှောက်ရှိ ဟောင်လိတ်ကျေးရွာ အုပ်စု၊ ဝမ်လုံကျေးရွာအုပ်စုများအတွင်း ဖောက်လုပ်မည် ဖြစ်သည်ဟု ဆိုသည်။
ယင်းအပိုင်း(၁)မှာ မိုးရာသီများ၌ ရေလွှမ်းမိုးမှုအပိုင်း ဖြစ်သောကြောင့် ဒေသခံများ၏ အတွေ့အကြုံအရ အမြင့် ဆုံးရေတက်မှတ် လွတ်ရန် လမ်းတာပေါင်အမြင့်ကို ခြောက်ပေခွဲရှိအောင် ဆောင်ရွက်သွားရမည်ဟု ဆိုသည်။ အဆိုပါလမ်းအတွက် မြေယာလျော်ကြေးမှာ ခန့်မှန်း တွက်ချက်မှုအရ ကျပ်သန်း ၃၁၇၀ ဖြစ်ပြီး တည်ဆောက် ရေးလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျစရိတ်မှာ ကျပ် ၄၃၇၁ သန်း ဖြစ်သဖြင့် စီမံကိန်းတစ်ခုလုံး၏ ကုန်ကျစရိတ်မှာ ၇၅၄၁ သန်းခန့်ရှိမည်ဟု သိခဲ့ရသည်။

စာရေးသူကို တာချီလိတ်၊ မိုင်းဆတ်နယ်စပ် ရွှေပြည်အေးရွာကလေးတွင် ဦးမျိုးဇာနည်ဦးနှင့်အဖွဲ့က လာကြိုသည်။ စာရေးသူနှင့် ဦးမျိုးဇာနည်ဦးမှာ ယခင် ကတည်းက ရင်းနှီးကြသူများဖြစ်သောကြောင့် ကျွန်တော် တို့နှစ်ဦး အပြန်အလှန်နှုတ်ဆက်စကားနှင့် ထွေရာ လေးပါးပြောရင်း ၎င်း၏ကားပေါ်တက်၍ ခရီးဆက်ခဲ့ကြ သည်။ မိုင်းတုံသို့ ဖြစ်သည်။

ဒုတိယ ပြည်ထောင်စုလမ်းမကြီးဖြစ်လာမည့် နမ့်စန်-မိုင်းဖြတ် ကားလမ်း
ကားပေါ်၌ ရှမ်းပြည်နယ်အရှေ့ပိုင်း လမ်းဦးစီးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သောင်းတင်က ရှမ်းပြည်နယ်အရှေ့ပိုင်း လမ်းဦးစီးဌာနသည် ဒေသတွင်း၌ ကားလမ်းမိုင်ပေါင်း ၁၂၁၈ မိုင် ၄ ဖာလုံ၊ ပေ ၁၈၀ နှင့် အထက် တံတားပေါင်း ၁၃ စင်း၊ ပေ ၁၈၀ အောက် တံတား နှင့် ရေပြွန်ပေါင်း ၃၀၇၂ စင်းတို့ကို တည်ဆောက် ဖောက် လုပ် ထိန်းသိမ်းထားသည်ဟု ပြောပြသည်။

၎င်းက ဆက်လက်၍ “ကျွန်တော်တို့ ရှမ်းအရှေ့မှာ သဘာဝအတားအဆီးက သံလွင်မြစ်ဖြစ်ပါတယ်။ အဲဒီ သံလွင်မြစ်ကို ဖြတ်ကျော်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းတို့ကို ဆက်သွယ်ပေးထားတာ က မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် (NN27 နှင့် AH2)ခေါ်သော ပြည်ထောင်စုလမ်းမကြီးတစ်ခုတည်း သာ ရှိနေတာကြောင့် လမ်းမကြီးတစ်ခု ထပ်မံလိုအပ်ပါ တယ်။ Road Network Corridor Plan အရ နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်-မိုင်းခုတ်- မိုင်းဖြတ်လမ်းနဲ့ (NH-23) လမ်းပေါ်မှာရှိတဲ့ မိုင်းဆတ်မြို့ကနေ တာချီ လိတ်မြို့ကို လမ်းဖောက်လုပ်နိုင်ပါက မူလရှိပြီးလမ်းနဲ့ အပြိုင် အရှည် မိုင် ၃၂၀ ရှိတဲ့ ပြည်ထောင်စုလမ်းမကြီး တစ်လမ်း ပေါ်ပေါက် ရရှိလာနိုင်မှာဖြစ်ပါတယ်။ လက်ရှိ တောင်ကြီး- ကျိုင်းတုံ- တာချီလိတ် လမ်းထက် ၅၅ မိုင် ၅ ဖာလုံတိုတဲ့ ပြည်ထောင်စုလမ်းမကြီး တစ်လမ်း ပေါ်လာနိုင်ပါတယ်”ဟု ပြောသည်။

ကျွန်တော်တို့ကားသည် ဦးကျော်သောင်းတင် ပြောသည့် ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်းကို ဆက်သွယ်၍ ရပြီး ဒုတိယ ပြည်ထောင်စုကားလမ်းကြီးဖြစ်လာနိုင်သည့် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်-မိုင်း ခုတ်- မိုင်းဖြတ် လမ်းပေါ်၌ မောင်းနှင်လျက်ရှိသည်။ ကာနရွာ၊ နောင်ဖာရွာ၊ မယ်နင်ရွာ၊ လယ်ပြင်ရွာ၊ တောင်ညို ရွာ၊ ကျွန်းတောရွာ၊ (၈)မိုင်ရွာသစ်၊ တောင်လှေကားရွာ၊ ချောင်း ဆုံရွာ၊ ကုန်းမြင့်သာရွာ (၁၈) မိုင်၊ ဟန်ပြတ်ရွာ၊ မန်ပြတ်ရွာ (၂၁)မိုင်၊ ပြည်ငြိမ်းအေးရွာ၊ အောင်ချမ်းသာရွာ၊ စမ်းသီတာ ရွာ(၆)မိုင်၊ စန်းသီတာရွာ(၅)မိုင်နှင့် ဆုံဘို ရွာတို့ကို ဖြတ်ကျော်ပြီးနောက် မိုင်းတုံသို့ ရောက်သည်။ မိုင်းတုံမြို့တွင် ခေတ္တနား နေ့လယ်စာစားပြီး သံလွင် တံတား(တာဆန်း) သို့ ခရီးဆက်ခဲ့သည်။

လမ်းခရီး၌ မိုင်းတုံမြို့နှင့် တာဆန်းတံတားအကြားရှိ ကတ္တရာခင်းရန် ကျန်ရှိနေသည့် ၉ ဒသမ ၃၇၅ မိုင်ကို မိုင်းဆတ်ခရိုင်က ကတ္တရာလမ်းခင်းနေသည်ကို မြင်တွေ့ရ သည်။ ပေ ၆၀၀၀ မြင့်မားသည့် လွယ်ပွတ်တောင်ကြော အပိုင်းတွင် ၁ ဒသမ ၅ မိုင် ကျောက်တောင်လမ်းချဲ့ခြင်း လုပ်ငန်းကိုလည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မိုင်းဆတ် ခရိုင် လမ်းဦးစီးက တာဝန်ယူဆောင်ရွက်သွားမည်ဟု သိခဲ့ရသည်။

သံလွင်မြစ်ပေါ်မှ သံလွင်တံတား (တာဆန်း)
စာရေးသူတို့ကားလေးသည် မိုင်းတုံမှ ဆက်လက် မောင်းထွက်လာခဲ့ရာ ဝမ်းနားရွာ၊ ကိုးမိုင်ရွာ၊ ရေထွက်ရွာ၊ ဂေါ်တောရွာ၊ ရွှေတောင်ရွာနှင့် ရွှေမျက်မှန်ရွာတို့ကို ကျော် ဖြတ်ပြီး သံလွင်တံတား(တာဆန်း)သို့ ရောက်သည်။
သံလွင်တံတား(တာဆန်း)သည် ရှမ်းပြည်နယ်၏ တောင်ပိုင်းနှင့် အရှေ့ပိုင်းကို ဆက်သွယ်ထားသော နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်း (၁၈၆ ကီလိုမီတာမှ ၁၈၇ ကီလိုမီတာကြား)တွင် တည်ရှိပြီး သံလွင်မြစ်ကို ဖြတ်ကျော်တည်ဆောက်ထားသည့် တံတားတစ်စင်းဖြစ် သည်။ ထို့ပြင် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်းသည် မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်သော တာချီလိတ် မြို့နှင့်ပါ ဆက်သွယ်ထားသည့်လမ်း ဖြစ်သောကြောင့် နှစ်နိုင်ငံ ကုန်သွယ်စီးဆင်းမှုအတွက် အလွန်အရေးပါသော တံတားတစ်စင်းလည်း ဖြစ်သည်။

သံလွင်မြစ်၏ အရှေ့ဘက်ကမ်းသည် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်ဖြစ်ပြီး အနောက် ဘက်ကမ်းသည် ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်အတွင်း တည်ရှိသည်။ သံလွင်မြစ်ကူး တံတား(တာဆန်း) တံတားဟောင်းမှာ ၁၉၉၆-၁၉၉၉ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး စီမံကိန်းကာလ နှစ်နှစ်ခွဲခန့် ကြာမြင့်ခဲ့သည်။ ၁၉၉၉ ခုနှစ်မှ စတင်၍ အသုံးပြုခဲ့ရာ တံတားသက်တမ်းမှာ ၁၉ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ တံတားအရှည်မှာ ပေ ၉၀၀ ရှိပြီး တံတားအမျိုးအစားမှာ အုတ်မြစ်အနေဖြင့် Open Foundation With Shearkey ဖြစ်သည်။ တံတားအပေါ်ထည်မှာ ဘေလီကြိုးတံတားနှင့် ကြမ်းခင်းမှာ C.H Channel အမျိုးအစားဖြစ်သည်။ ယာဉ် သွားလမ်းအကျယ် ၁၈ ပေဖြစ်ပြီး တံတားတည်ဆောက် ပြီးစဉ်က တံတားခံနိုင်ဝန်အား တန် ၃၀ အထိ ခွင့်ပြုခဲ့ သည်။
သံလွင်မြစ်ကူးတံတား(တာဆန်း)ကို မြန်မာနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့်သာမက တရုတ်ပြည်မှ ကျွမ်း ကျင်ပညာရှင်များ၏ အကူအညီဖြင့်ပါ တံတားအခြေအနေ စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ တံတားသက်တမ်း ကြာမြင့်လာသည်နှင့်အညီ တံတားခံနိုင်ဝန်မှာ လျော့ကျ လာသဖြင့် ယခုအချိန်တွင် ၁၆ တန်သာ ခွင့်ပြုနိုင်တော့ သည်ဟု ဆိုသည်။

တံတားကြီးပေါ်မှ နေ့စဉ် ကားလေး ၃၅ စီးခန့်နှင့် ကားကြီး သုံးစီးခန့် ဖြတ်သန်းသွားလာလျက်ရှိသည်။ တာဆန်း ကြိုးတံတားကို ရေရှည် အသုံးပြုနိုင်ရန်အတွက် ခံနိုင်ဝန် ၁၆ တန်သာ ခွင့်ပြုထားသောကြောင့် ၁၀ ဘီးနှင့် အထက် ယာဉ်ကြီးများမှာ တာဆန်းကြိုးတံတား ရောက် ပါက ယာဉ်+ကုန် ၁၆ တန်ထက်ကျော်သော ကုန်ပစ္စည်း များကို တစ်ဖက်ကမ်းသို့ ယာဉ်ငယ်များဖြင့် ပြန်လည် သယ်ယူပို့ဆောင်နေရကြောင်း သိရသည်။

နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်းသည် ရှမ်းပြည် နယ်၏ တောင်ပိုင်းနှင့် အရှေ့ပိုင်းကို ဆက်သွယ်ထားသော လမ်းမကြီးဖြစ်ပြီး နယ်စပ်မြို့ဖြစ်သော တာချီလိတ်မြို့ သို့ပါ ဆက်သွယ်သွားလာနိုင်သော အဓိက လမ်းမကြီး (NH 23)လည်း ဖြစ်သည်။ အဆိုပါ လမ်းမကြီးပေါ်၌ တန် ၃၀ အထက် ယာဉ်ကြီးများ ဖြတ်သန်းသွားလာလျက် ရှိရာ လမ်းပေါ်ရှိ တံတားများကို ခံနိုင်ဝန် တန် ၆၀ ခံနိုင် သော တံတားများအဖြစ် အဆင့်မြှင့်တင် တည်ဆောက် ခြင်းလုပ်ငန်းများကို စီမံချက်များရေးဆွဲ၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သို့ဖြစ်၍ ယခုအခါ နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ကားလမ်း သံလွင်မြစ်ပေါ်၌ သံလွင်တံတား(တာဆန်း)အမှတ်(၂)ကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားတည် ဆောက်ရေးအဖွဲ့(၃)က တာဝန်ယူ တည်ဆောက်လျက်ရှိ နေသည်ကို တွေ့ခဲ့ရသည်။ တံတားစီမံကိန်း ပြီးစီးပါက မြန်မာနိုင်ငံအလယ်ပိုင်းမှ ရှမ်းပြည်နယ် တောင်ပိုင်းကို ဖြတ်ကာ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ထိုမှတစ်ဆင့် ထိုင်း၊ လာအိုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သို့ လျင်မြန်စွာ ဆက်သွယ်သွားလာနိုင်မည်ဖြစ်၍ ဒေသထွက်ကုန်များကို ဒေသတွင်းသာမက အိမ်နီးချင်းနိုင်ငံများသို့ ပို့ဆောင်နိုင် မည်ဖြစ်သောကြောင့် ဒေသခံပြည်သူများအတွက် လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေခြင်း စသည့် အကျိုး ကျေးဇူးများကို ရရှိမည်ဖြစ်သည်။

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: တောင်၊ ကောင်းကင်၊ အပြင်ဘက် နှင့် သဘာဝ
ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: တံတား နှင့် အပြင်ဘက်
From: Myanmaalin