三星占据了缅甸智能手机市场40%的份额

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ပြည်တွင်း စမတ်ဖုန်းဈေးကွက် ဝေစု ၄၀ ရာခိုင်နှုန်းကို ဆမ်ဆောင်း ပိုင်ဆိုင်ထား

ပြည်တွင်းစမတ်ဖုန်းဈေးကွက်အားလုံး ဝေစု၏ ၄၀ ရာခိုင်နှုန်းကို ဆမ်ဆောင်းက ပိုင်ဆိုင်ထားကြောင်း ဆမ်ဆောင်းမြန်မာကုမ္ပဏီ နည်းပညာနှင့် မိုဘိုင်းအဖွဲ့ခေါင်းဆောင် ကိုဇာနည်ဝင်းထက်က ပြောသည်။

“ကုမ္ပဏီတိုင်းက တစ်နှစ်ထက်တစ်နှစ် ဈေးကွက်ဝေစု ပိုလိုချင်တယ်။ ဆမ်ဆောင်းလည်း အပါအဝင်ပဲ။ ၂၀၂၀ မှာ ဈေးကွက်ဝေစု ပိုရရှိဖို့ ကြိုးစားရမယ့် အပိုင်းတွေ အများကြီးရှိတယ်” ဟု ၎င်းက ပြောသည်။

ဆမ်းဆောင်းအမှတ်တံဆိပ် စမတ်ဖုန်းသည် ပြည်တွင်း၌ လူသုံးများသောအမှတ်တံဆိပ်တစ်ခုဖြစ်ပြီး တန်းဖိုးမြင့် စမတ်ဖုန်းဈေးကွက်တွင် ဈေးကွက်ဝေစု၆၀ ရာခိုင်နှုန်းကျော်နှင့် တန်ဖိုးသင့် စမတ်ဖုန်းဈေးကွက်တွင် ဈေးကွက်ဝေစု၄၀ ရာခိုင်နှုန်းခန့် ရရှိထားသည်။

“အခုပြည်တွင်းဈေးကွက်မှာ ဦးဆောင်နေသလို နောက်နှစ်သုံးနှစ်မှာလည်းဒီအတိုင်း ဆက်လက်ရပ်တည်နိုင်အောင် လုပ်မယ် “ဟု ကိုဇာနည်ဝင်းထက်က ပြောသည်။

ဆမ်ဆောင်းသည် ပြည်တွင်း၌ S series, Note series နှင့် A series စသဖြင့် သုံးမျိုးထုတ်လုပ်ရောင်းချပြီး S series နှင့် Note series မှာ လူကြိုက်များသည့် ထုတ်ကုန်ဖြစ်သည်။

From: Myanmar Times