将向政府报告就从Muse和lwalga边境地区出口大米时降低税率

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

မူဆယ်၊ လွယ်ဂျယ်စသော နယ်စပ်များမှ ဆန်တင်ပို့ရာတွင် အခွန်နှုန်းလျှော့ချပေးရန် အစိုးရထံတင်ပြမည်

1569213713214020648.jpg

မြန်မာနိုင်ငံမှဆန်များကို မူဆယ်၊ လွယ်ဂျယ် စသည့် နယ်စပ်များမှ တစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့ရာတွင် အခွန်နှုန်းလျှော့ချနိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး ဆန်စပါးကုန်သည်များအသင်းက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတို့နှင့်တွေ့ဆုံကာ တောင်းဆိုမှုပြုလုပ်ရန်စီစဉ်နေကြောင်း သိရပါတယ်။

ယခင်က တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် မူဆယ်၊ လွယ်ဂျယ် စသည့် နယ်စပ်လမ်းကြောင်းများမှသာ တင်ပို့လေ့ရှိသော်လည်း လက်ရှိ အခွန်နှုန်းမှာ ၆၅ ရာခိုင်နှုန်းအထိ မြင့်မားနေခြင်းကြောင့် တရုတ်နိုင်ငံသို့ ကျိုင်းတုံဘက်မှတစ်ဆင့် လာအိုနိုင်ငံသို့ ဖြတ်သန်းကာ တင်ပို့နေရကြောင်း မန္တလေးတိုင်းဒေသကြီး ဆန်စပါးကုန်သည်များအသင်းမှ သိရပါတယ်။

ယခင်က စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကောလင်း၊ မိုးညှင်းဒေသများမှ ဆန်များကို လွယ်ဂျယ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ခဲ့သော်လည်း ယခုအခါ မန္တလေး၊ ကျိုင်းတုံ၊ လာအိုနိုင်ငံမှ တစ်ဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲသို့ တင်ပို့နေရကြောင်း သိရပါတယ်။

ထို့ကြောင့် ကုန်ကျစရိတ်နှင့် အချိန်ကုန်မှုများပြားကာ ကုန်သည်များထိခိုက်နှစ်နာမှုရှိသည့်အတွက် နယ်စပ်များတွင် ဆန်ကို အခွန်နှုန်းလျှော့ချပေးရန် တင်ပြမည်ဖြစ်ကြောင်း သိရပါတယ်။

ထို့ပြင်လက်ရှိတွင် မန္တလေးဆန်စပါးဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ ရွှေချိတ်ကုမ္ပဏီတို့ ချုပ်ဆိုထားသည့် ဆန်တန်ချိန် တစ်သိန်းကို ဘာတာစနစ်(ကုန်စည်ဖလှယ်သည့်စနစ်)ဖြင့် တင်ပို့ရောင်းချမှုသည်လည်း လက်ရှိ ဆန်တန်ချိန် ခုနှစ်ထောင်ခန့် တင်ပို့ပြီးချိန်တွင် အခက်အခဲတချို့ကြောင့် တင်ပို့မှု ရပ်ဆိုင်းထားကြောင်းသိရပါတယ်။

From: Myanma Platform