新加坡在缅甸房地产行业的投资开始有所帮助

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ပြည်တွင်းအိမ်ခြံမြေကဏ္ဍတွင် စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကြောင့် အထောက်အကူဖြစ်လာနိုင်

l_1548401645.jpg

မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် စင်ကာပူနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကြောင့် အထောက်အကူဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ယခုလအတွင်း ပြည်တွင်း အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ စင်ကာပူနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၄၂သန်း လာရောက်ရင်းနှီှးမြှုပ်နှံရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်ရန် ခွင့်ပြုချက်ရရှိသည့် ကုမ္ပဏီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်တွင် အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါစီမံကိန်းသည် BOT စနစ်ဖြင့် နှစ် ၅ဝရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး လာမည့်နှစ်ဆန်းပိုင်းတွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ကာ တည်ဆောက်ရေးကာလမှာ  ခြောက်နှစ်ဖြစ်ကြောင်း သိရပါတယ်။

ထိုသို့ ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာမည်ဆိုပါက ပြည်တွင်း အိမ်ခြံမြေလုပ်ငန်းများကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းက ဆိုပါတယ်။

၂၀၁၉ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများအနက် စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၂၂ဘီလီယံခန့်ဖြင့် ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ပြီး  အခြေခံအဆောက်အဦးကဏ္ဍတွင် အများဆုံးရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်း သိရပါတယ်။

From: Myanma Platform