在曼德勒举办第四届展现10件缅甸传统艺术品的展览会

မန္တလေးတွင် စတုတ္ထအကြိမ်မြောက် မြန်မာ့ရိုးရာ ပန်း ၁၀ မျိုး လက်မှုအနုပညာပြပွဲကျင်းပမည်

စတုတ္ထအကြိမ်မြောက် အသေးစားစက်မှုလက်မှုနှင့် မြန်မာ့ရိုးရာ ပန်း ၁၀ မျိုး လက်မှုအနုပညာ ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်  ၇၃ လမ်း မင်္ဂလာမန္တလေး အရောင်းမြှင့်တင် ရေးနေရာတွင် ကျင်းပမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

အဆိုပါပြပွဲကို မန္တလေးတိုင်း ဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပ ခြင်းဖြစ်သည်။ ပြပွဲတွင် ပန်း ၁၀ မျိုး လက်မှုအနုပညာပြခန်း ၄၃ ခန်း၊ စား သောက်ကုန်လုပ်ငန်း ပြခန်း ၂၄ ခန်း၊ လူသုံးကုန် အလှကုန်ပစ္စည်း ပြခန်း ၁၉ ခန်း၊ အထွေထွေလုပ်ငန်း ပြခန်း  ၂၁ ခန်း၊ နည်းပညာပေးပြခန်း ၁၈ ခန်း ပါဝင်ပြသမည်ဖြစ်သည်။ ပြပွဲ တွင် ပြသထားသော အသေးစားစက် မှုလုပ်ငန်းများနှင့် အခြားကုန်ပစ္စည်း များကို ပစ္စည်းမှန်၊ ဈေးမှန် သက်သာ သောနှုန်းထားဖြင့် ဈေးရောင်းပွဲတော် အဖြစ်ပါ ခင်းကျင်းပြသရောင်းချမည် ဖြစ်သည်။

“ပြည်တွင်းက အသေးစားစက်မှု လက်မှုလုပ်ငန်းတွေဟာ အဆင့်မြင့် သလို ရိုးရာထုတ်ကုန်တွေဖြစ်တဲ့ အတွက် ဂုဏ်ယူစရာ ကောင်းပါ တယ်။ ပြပွဲရဲ့အဓိကရည်ရွယ်ချက်က အသေးစားလုပ်ငန်းတွေ ဖွံ့ဖြိုးလာ စေဖို့၊ အလတ်စား၊ အကြီးစားလုပ်ငန်း များနဲ့ ချိတ်ဆက်နိုင်စေဖို့၊ ပြည်တွင်းပြည်ပဈေးကွက်ရရှိစေဖို့၊ နည်းပညာနဲ့ ချေးငွေအကူအညီရရှိစေဖို့၊ မြန်မာ့ရိုးရာပန်း ၁၀ မျိုး အနုပညာထိန်းသိမ်းမြှင့်တင်ဖို့၊ ပြည်သူပြည်သား တွေရဲ့ အားပေးမှုရရှိစေဖို့ ဖြစ်ပါ တယ်။ မနှစ်က တတိယအကြိမ်ပြပွဲမှာ မြန်မာ့ရွှေဆိုင်းလုပ်ငန်း လုပ်ကိုင်ပုံ အဆင့်ဆင့်ပြသခဲ့သလို ဒီနှစ်ပြပွဲမှာ ပုဂံမြို့ယွန်းပညာကောလိပ်ရဲ့ အကူအညီနဲ့ ယွန်းထည်ပစ္စည်း လက် တွေ့ထုတ်လုပ်မှုကို ပြသမှာ ဖြစ်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန တိုင်းဦးစီးမှူး ဦးအောင်သင်းက ပြောသည်။

စတုတ္ထအကြိမ်မြောက် အသေးစား စက်မှုလက်မှုနှင့် ပန်း ၁၀ မျိုး လက်မှု အနုပညာထုတ်ကုန်ပစ္စည်း ပြပွဲနှင့် ဈေးရောင်းပွဲကို နေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ခင်းကျင်း ပြသရောင်းချပေးမည်ဖြစ်ရာ ပြပွဲတွင် မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည် နယ်တို့မှ အသေးစား စက်မှု လက်မှု လုပ်ငန်းများပါ လာရောက်ပြသကြ မည်ဖြစ်သည်။ ပြပွဲရက်များတွင် ည နေ ၅ နာရီမှ ည ၉ နာရီအထိ စင်တင် တေးဂီတနှင့် အခြားဖျော်ဖြေပွဲများပါ ပါဝင်ဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။

From: Myanmar Times