外国游客禁区进一步增加

နိုင်ငံခြားသား ခရီးသွားကန့်သတ်ဧရိယာများ ထပ်တိုးထုတ်ပြန်

ရန်ကုန်နှင့် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ နယ်မြေတချို့ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့သို့ ခရီးသွားလာခွင့် ကန့်သတ်ဧရိယာအဖြစ် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ယခုလအတွင်း ထပ်တိုး ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာလအတွင်း ရှမ်းပြည်နယ် သီပေါမြို့အပြင်ဘက်က ကန်သတ်နယ်မြေကျေးရွာတစ်ခုသို့ သွားရောက်ခဲ့သည့် ဂျာမဏီနိုင်ငံသားတစ်ဦး မိုင်းထိ၍ သေဆုံးမှု ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ ခရီးသွားကန့်သတ်ဧရိယာများကို ဝန်ကြီးဌာနက ထပ်တိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာနက လက်ရှိထုတ်ပြန်ခဲ့သည့် ထပ်တိုးကန့်သတ်ဧရိယာများမှာ ရခိုင်ပြည်နယ်အတွင်းတွင် မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့်နှင့် မင်းပြားမြို့နယ်၊ ကချင်ပြည်နယ်တွင် ပူတာအိုမြို့နယ်ရှိ ပမ္မတီး၊ နမ်ရှယ်ကော၊ မုံငူရ်၊ ဆန်ဒမ်း၊ အထက်ဆန်ဂေါင်၊ ဝါဆန်ဒမ်းနှင့် ဇီယာဒမ်း ကျေးရွာများ၊ ရှမ်းပြည်နယ်မြောက်ပိုင်း နန့်ဆန်၊ နမ္မတူမြို့နယ် မြို့ပြင်ဧရိယာများနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း လင်ခေး၊ ဟိုမိန်း၊ ကျိုင်းတောင်း၊ မိုနဲ၊ ကျေးသီး၊ မိုင်းနောင်၊ မိုင်းရှူး၊ မိုင်းစံနှင့် မိုင်းယန်မြို့နယ်များ၊ ချင်းပြည်နယ် ပလက်ဝမြို့တို့ဖြစ်သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းဒေသ၊ မန္တလေးတိုင်းဒေသကြီး မိုးကုတ်၊ သပိတ်ကျင်း၊ ပြင်ဦးလွင်မြို့ နယ်အတွင်းရှိ ညောင်တုန်း၊ ကျွန်းတိုင်၊ သပြေချောင်၊ မိုးကြိုးပစ်၊ ပတီးကုန်း၊ နောင်ပိန်နှင့် မဲတောကျေးရွာများ၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ဗန်းမောက်မြို့နယ် အင်းပေါက်ကျေးရွာ၊ ခေါင်းတုံး၊ လေသာကုန်း၊ ဘူတောင်း၊ နန့်အာ၊ နန့်ခင်၊ နန့်မား၊ မိုးတေ၊ နားနန့်ထွန် ကျေးရွာများနှင့် နန်းယွန်းမြို့ တိုက်တီး၊ တကား၊ လုံမတ်၊ ကဲဆန်၊ ကျန်းဒုံး၊ လခြမ်း၊ လုံယုန်း၊ ကန်ကော၊ သမန်းကျေးရွာများဖြစ်သည်။

From: Myanmar Times