If he make a mistake, they can take back the project

မိမိဘက်က မှားယွင်းမှုရှိပါက စီမံကိန်းကို ပြန်သိမ်းနိုင်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ မြရိပ်ညိုဟိုတယ်စီမံကိန်းများ အပါအဝင် စီမံကိန်းလုပ်ငန်းကြီးများတွင် မိမိဘက်မှ အမှားအယွင်းရှိပါက စီမံကိန်းအား ပြန်သိမ်းနိုင်ကြောင်း ဇေကမ္ဘာကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက ပြောဆိုသည်။

‘မြရိပ်ညိုကိစ္စက ပြန်ပြီးတော့ အယူခံတင်သွင်းလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေက ၁၉၅၅ ခုနှစ် ဖဆပလ လက်ထက်တုန်းက ဝန်ထမ်းတွေကို တိုက်ခန်းတွေပေးတယ်။ ပင်စင်ယူသွားရင် မဖယ်မှာစိုးလို့ လုပ်ထားတဲ့ ဥပဒေ။ နောက်နှစ်ပတ်အတွင်းဖယ်ရမယ်။တရားစွဲနေရင် ကြာနေမှာစိုးလို့လေ။ ပင်စင်စားတွေ ပင်စင်ယူသွားရင် မဖယ်မှာစိုးလို့ ထုတ်ထားတဲ့ဥပဒေ။ အဲဒီဥပဒေနဲ့ တရားစွဲရင် မမှန်ပါဘူးလို့ သွားရှင်းပြထားတယ်။ ကျွန်တော့်အနေနဲ့ ပင်စင်စားလည်း မဟုတ်ဘူး။ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း လုပ်ဆောင်တယ်။ ဒီလိုဖြစ်တာလည်း ဖြစ်ရမယ့်အချိန်မှာ ဖြစ်တယ်လို့ သတ်မှတ်ထားတယ်။ ဒီလိုဖြစ်တာ ကျွန်တော့်အတွက်တော့ ဘာမှမဖြစ်ပါဘူး။ နောက်အခုဆိုရင် လူတွေ အများကြီး အခုနိုင်ငံခြားထွတ် အလုပ်လုပ်နေရတယ်။ ဒီစီမံကိန်းတစ်ခုခု ဘာပဲဖြစ်ဖြစ် ဈေးပဲဖြစ်ဖြစ်၊ မင်္ဂလာဒုံစက်မှုဇုန်ပဲဖြစ်ဖြစ် ဒါတွေဖွင့်လိုက်ရင် လူသိန်းနဲ့ သောင်းနဲ့ချီ အလုပ်ရကြမယ်။ ဒါဆို သူများနိုင်ငံသွား ကျွန်ခံစရာမလိုဘူး။ ဒီစီမံကိန်းတွေ ကိစ္စအခြေအနေမှန်သိအောင် လူကြီးတွေစုံစမ်းဖို့ အရေးကြီးတယ်။ ဒီမှာတော့ ပြဿနာတွေတော့ အများကြီးရှိနေတယ်။ အခြေအနေမှန်သိအောင် ကြိုးစားပေးပါ။ ဒါပဲ ကျွန်တော်မေတ္တာရပ်ခံချင်တယ်။ လူကြီးများခင်ဗျား အခြေအနေမှန်သိအောင် ကြိုးစားပေးကြပါ။ ဒါလေးပဲ ပြောချင်တယ်။ ကျွန်တော့်ဘက်က မှားတယ်ဆိုရင် သိမ်းပစ်လိုက်၊ မှန်တယ်ဆိုရင်တော့ ဒီပရောဂျက်ကြီးကို ဘာလို့အရပ်ခံမလဲ’ဟု ဇေကမ္ဘာကုမ္မဏီဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက ဒီဇင်ဘာ ၁၃ရက် ညနေ ၃ နာရီတွင်မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် စန္ဒကူးနံ့သာ ကျောင်းတော်ရာတွင် တင်လှူပူဇော်မည့် ရွှေထီးတော် ၁၂၆ ဆူကို လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် တင်လှူအပူဇော်ခံမည့် အခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တပ်မတော်က ဖယ်ရှားပေးရန် သတိပေးစာပို့ခံထားရသော ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြရိပ်ညို အထပ်မြင့် စီမံကိန်းအတွက် ဇေကမ္ဘာကုမ္ပဏီက ဆောက်လုပ်ရေးဝန်ကြီးဌာနထံ အယူခံတင်ထားကြောင်း သိရသည်။ မြရိပ်ညို အိမ်ရာစီမံကိန်းသည် မြေဧက ၁၃ ဧကကျော်ပေါ်တွင် အကောင်အထည်ဖော်မည့် ၁၂ ထပ်ပါ အထပ်မြင့်အဆောက်အအုံ စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။

Image may contain: 1 person, sitting and indoor
From: Standard Time