Why is it late in Rakhine State?

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ရခိုင်ပြည်နယ်နောက်ကျကျန်တာဘာ့ကြောင့်လဲ

၄၅ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို စစ်တွေမြို့မှ ပြုလုပ်ကျင်းပ
                 ၄၅ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို စစ်တွေမြို့မှ ပြုလုပ်ကျင်းပ

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျရတာဟာ ခေတ်အဆက်ဆက် မူဝါဒနဲ့ စီမံခန့်ခွဲမှု အမှားတွေကြောင့်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ရခိုင်ပြည်နယ်နေ့အတွက် အစိုးရသတင်းစာတွေထဲကနေ သဝဏ်လွှာပေးပို့ရာမှာ ထည့်သွင်းရေးသားပြောဆိုလိုက်တာဖြစ်ပါတယ်။

စာရေးဆရာ ဦးမောင်မောင်စိုးကတော့ ဒီသဝဏ်လွှာပါ ရေးသားချက်ဟာ ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်ရာမှာ အားနည်းချက်ရှိတာကိုသာ ဇောင်းပေး ရေးသားထားပြီး လက်တွေ့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖော်ပြဖို့ ပျက်ကွက်နေတယ်လို့ ဝေဖန်ပြောဆိုပါတယ်။

“ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ဆောင်ရာမှာ အားနည်းချက်ရှိတာကိုပဲ ဇောင်းပေး ရေးသားထားတယ်လို့ထင်တယ်။ လက်တွေ့ ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေး ပြဿနာဖြစ်တဲ့ ဖက်ဒရယ်ပြဿနာနဲ့ လက်ရှိအေအေနဲ့ လက်နက်ကိုင်တိုက်ပွဲဖြစ်နေတဲ့ လက်ငင်းပြဿနာတွေ မပါဘူးပေါ့။ လက်ငင်းဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဖော်ပြတဲ့နေရာမှာတော့ ဒီသဝဏ်လွှာဟာ အားနည်းချက်ရှိတယ်လို့ ဆိုရမှာပါ။” လို့ ဘီဘီစီကို ပြောပါတယ်။

၄၅ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို စစ်တွေမြို့မှ ပြုလုပ်ကျင်းပ
                   ၄၅ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို စစ်တွေမြို့မှ ပြုလုပ်ကျင်းပ

ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ၄၅ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတွေကို စစ်တွေ၊ ရန်ကုန်နဲ့ ရခိုင်မြို့ကြီးတချို့မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

ဒါပေမယ့် ၄၅ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ကျင်းပချိန်ဟာ အေအေ ရခိုင့်တပ်တော်နဲ့ မြန်မာအစိုးရတပ်မတော်တို့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေချိန်ဖြစ်တဲ့အတွက် ခါတိုင်းနှစ်တွေလို စည်စည်ကားကားမရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်နေ့ ကျင်းပနေစဉ်မှာပဲ ရခိုင်ပြည်နယ် မင်းပြားမြို့၊ မြေပုံမြို့၊ မြောက်ဦးမြို့၊ ရသေ့တောင်မြို့ တွေမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာပါ။ ငြိမ်းချမ်းရေး ရဖို့အတွက် စစ်ပွဲတွေကို အမြန်ဆုံးရပ်တန့်ပြီး နှစ်ဖက်တာဝန်ရှိသူတွေ အမြန်ဆုံးဆွေးနွေးကြဖို့ လိုအပ်နေပြီလို့ ရခိုင်အမျိုးသမီးအရေး လှုပ်ရှားသူ ဒေါ်စောစံငြိမ်းကပြောပါတယ်။

သမ္မတဦးဝင်းမြင့်ရဲ့ သဝဏ်လွှာထဲမှာ “ရခိုင်ပြည်နယ်သည် ခေတ်အဆက်ဆက် မူဝါဒနှင့် စီမံခန့်ခွဲမှု အမှားများကြောင့် မြန်မာနိုင်ငံ၏ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များနည်းတူ ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့ရပါသည်” လို့ ရေးသားထားပါတယ်။ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များနည်းတူ ဖွံ့ဖြိုးမှု နောက်ကျရတယ်ဆိုတဲ့ အချက်အပေါ်မှာ သဘောမတူငြင်းခုံမှုတွေ ရှိပါတယ်။ ရခိုင်ပြည်နယ်ဟာ တခြားပြည်နယ်တွေ နည်းတူမဟုတ်ဘဲ တခြားပြည်နယ်တွေထက် ပိုပြီးဖွံ့ဖြိုးမှု နိမ့်ကျတာကို အမှန်အတိုင်း ဖော်ပြဖို့ သင့်တယ်လို့ ဝေဖန်ကြပါတယ်။ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှု ဒုတိယ မြောက် အနိမ့်ကျဆုံးပြည်နယ်ဖြစ်တယ်လို့ နယ်သာလန်သည်ဟိတ်ဂ်မြို့မှာ မကြာခင် ရက်ပိုင်းကပဲ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောသွားခဲ့ပါတယ်။

၄၅ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို စစ်တွေမြို့မှ ပြုလုပ်ကျင်းပ
                  ၄၅ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို စစ်တွေမြို့မှ ပြုလုပ်ကျင်းပ

ငြိမ်းချမ်းရေးရဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အနှစ်သာရရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာဖို့လိုတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“စစ်မှန်တဲ့ ပြည်ထောင်စု၊ အကုန်လုံးတိုင်းရင်းသားတွေ ပြောနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့လိုပါတယ်။ အဲဒါကလည်း နာမည်ခံသက်သက်နဲ့တော့ ပြည်ထောင်စုဆိုပြီး ပြောနေလို့ မရဘူး။ ဖက်ဒရယ်နာမည်ခံနေရုံနဲ့လည်း မရဘူး။ တကယ့်လုပ်ပိုင်ခွင့် ပြည့်ဝတဲ့ ပြည်ထောင်စုပေါ့နော်။ တနည်းအားဖြင့် ကိုယ့်ဒေသမှာ ကိုယ့်လူမျိုးတွေနဲ့ ကိုက်ညီတဲ့ ဥပဒေပြုပိုင်ခွင့်၊ ကိုယ့်ဒေသက ထွက်လာတဲ့ သယံဇာတတွေကို အချိုးကျ ခွဲဝေသုံးစွဲပိုင်ခွင့်၊ အဲဒါမျိုး အချက်အလက်တွေပါတဲ့ ပြည်ထောင်စု၊ ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာပြီဆိုရင်တော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ သူများနဲ့ ပခုံးချင်းယှဉ်နိုင်အောင် တိုးတက်လာမယ်လို့ ကျွန်တော်တို့ ယူဆတယ်” လို့ဆိုပါတယ်။

၄၅ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို စစ်တွေမြို့မှ ပြုလုပ်ကျင်းပ
                  ၄၅ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို စစ်တွေမြို့မှ ပြုလုပ်ကျင်းပ

ရခိုင်ပြည်နယ်နေ့ကို ၁၉၇၄ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလပါတီ) ကရေးဆွဲတဲ့ အခြေခံဥပဒေအရ ရခိုင်ကို ပြည်နယ်အဆင့် သတ်မှတ်ခဲ့တဲ့ အထိမ်းအမှတ်အဖြစ်သတ်မှတ်ခဲ့တာပါ။ အဲဒီတုန်းက မဆလ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုဖို့အတွက် ဆန္ဒခံယူပွဲလုပ်ခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ကိုပဲ ရခိုင်ပြည်နယ်နေ့အဖြစ် မဆလ အစိုးရက သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ အတွက် အခုအခါမှာ ၄၅ နှစ်ရှိသွားပါပြီ။

From: BBC