Shwe Nan Taw Jewelry Shop Signed partnership with Ruby Hill Microfinance,To enable customers to buy hire purchase system

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ရွှေနန်းတော်စိန်ရွှေရတနာဆိုင်မှCustomerများအရစ်ကျစနစ်ဖြင့်အဆင်ပြေဝယ်ယူနိုင်စေဖို့Ruby Hill Microfinance နဲ့အကျိုးတူပူးပေါင်းဆောင်ရွက်လက်မှတ်ရေးထိုးပွဲပြုလုပ်ခဲ့

ရွှေနန်းတော်စိန်ရွှေရတနာဆိုင်နှင့်Ruby Hill Microfinance တို့ရဲ့အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဒီဇင်ဘာလ(၁၅)ရက်နေ့၊ နေ့လည်(၂)နာရီ က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၊မင်းတုန်း ခန်းမတွင်ကျင်းပပြုလုပ်သွားခဲ့ပါတယ်။

ယင်းအစီအစဉ်ကို စမ်းသပ်ကာလ(၆)လအဖြစ် ၂၁၀၉ ဧပြီလမှ ၂၀၁၉အောက်တိုဘာလအထိ စတင်ခဲ့ပါ တယ်။ ရွှေနန်းတော် ရဲ့ Member များကို အဓိကထား ပြီး အများဆုံးသိန်း(၃၀)အထိ သတ်မှတ်ရောင်း ချခဲ့ပါတယ်။ စမ်းသပ်ကာလပြုလုပ်ခဲ့သည့်အစီအစဉ်တွင် ကြီးမားသောအောင်မြင်မှုများရရှိခဲ့တယ်လို့ိ သိရပါတယ်။

Customer များအဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရန်အတွက် ငွေတလုံးတခဲတည်းပေးစရာမလိုပဲ လစဉ် မိမိဝင်ငွေမှ အနည်းငယ် အရစ်ကျ ပေးချေခြင်းပုံစံဖြင့်ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ ယခုအစီအစဉ် အသစ်အနေနဲ့ ဝယ်ယူမယ့် လက်ဝတ်ရတနာ အမျိုးအစားအပေါ်မူတည်ပြီး အများဆုံးသိန်း(၃၀)မှ သိန်း(၇၀) အထိ တိုးမြှင့်ပြီး ဝယ်ယူနိုင်မယ့် အထူးအခွင့်အရေးရရှိနိုင်မယ့်အပြင် ချေးငွေကာလကို (၆)လမှ (၁၈)လ အထိ ရရှိမှာဖြစ်ပါတယ်။

ရွှေနန်းတော်စိန်ရွှေရတနာဆိုင် ကို၁၉၉၄ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာမှ ယခုဆိုလျှင်နှစ်ပေါင်း (၂၅)နှစ်ခရီး တိုင်ခဲ့ပြီဖြစ် သလို ခေတ်မှီလှပသေသပ်သော နိုင်ငံတကာ အဆင့်မီ လက်ဝတ်ရတနာများကို ထုတ်လု ပ်ရောင်းချ လျှက်ရှိပြီး Customer စိတ်ကြိုက် အထူးအော်ဒါများကိုလည်း လက်ခံဆောင်ရွ က် ပေးနေသော စိန်ရွှေရတနာဆိုင်တစ်ဆိုင်ပဲ ဖြစ်ပါတယ်။

FROM : MYANMAR PLATFORM