It will take a long time for the two countries ( MYANMAR – CHINA) to implement the system of commodity trading

တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံကုန်စည်ဖလှယ်တင်ပို့စနစ် လက်တွေ့အသုံးပြုရန် ကြာမြင့်ဦးမည်

”အဲဒါက သိပ်ပြီးအားမကောင်းဘူး။ လက်တွေ့မှာ လုပ်ဆောင်ဖို့ခက်ခဲတယ်။ ဘာလို့လဲဆိုတော့ ရောင်းတဲ့ သူနဲ့ ဝယ်တဲ့သူက ရောင်းတဲ့သူကလည်း ရောင်းချင်တယ်။ ပိုက်ဆံပဲလိုချင်တယ်။ ဝယ်တဲ့သူကလည်းသူကြိုက်တဲ့ပစ္စည်းကို သူဝယ်ချင်တယ်။ ရောင်းတဲ့သူရဲ့ပစ္စည်းကို မလိုချင်ဘူး။ ဒါကြောင့် လက်တွေ့အတိုင်း လုပ်ဖို့အဆင်ပြေလိမ့်မယ်လို့မထင်ဘူး။ အသေးစိတ်ညှိဖို့လိုသေးတယ်။ လုံးဝအဆင်မပြေဘူး။ လုံးဝမဖြစ်နိုင် ဘူးလို့ပြောတာမဟုတ်ဘူး။ ဒီလိုလေးပဲ လုပ်ရုံနဲ့တော့မရဘူး။ သေချာညှိမှရမယ်”ဟု ၎င်းက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်ညှိနှိုင်းမှုများပြုလုပ်ရန် ထပ်မံလိုအပ်နေသည့်အတွက် ကြာမြင့် ဦးမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။မြန်မာနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရတို့ နှစ်နိုင်ငံကုန်စည်ဖလှယ်မှုပြုလုပ်ရန် ယခုနှစ်ဧပြီလတွင် နေပြည်တော်၌ MoU လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာနှင့် တရုတ်နိုင်ငံတို့အကြား နယ်စပ်မှ ကုန်ပစ္စည်းများတင်ပို့မှု အဆင်ပြေစေရေး နှစ်နိုင်ငံတာဝန်ရှိ သူများက ညှိနှိုင်းနေကြောင်းလည်း သိရသည်။

From: Myanmar Times