Yangon’s Secretariat complex celebrares 130th anniversary

ပြင်ဦးလွင်အမျိုးသားကန်တော်ကြီးဥယျာဉ်မှာပြုလုပ်တဲ့ Culture Of Flowers ဖွင့်ပွဲအခမ်းအနားကြီးကို အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ရဲ့ဖျော်ဖြေမှုများနဲ့ဖွင့်လှစ်သွားခဲ့

model ၇၅၀.jpg

၁၄ကြိမ်မြောက် Htoo Group မှဦးဆောင်ပြုလုပ်တဲ့ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် အမျိုးသားကန်တော် ကြီးဥယျာဉ် ဖွင့်ပွဲအခမ်းအနားကြီးကို ဒီဇင်ဘာလ(၁၅)ရက်နေ့ မနက်ပိုင်းကပြုလုပ်ကျင်းပခဲ့ပါတယ်။

htoo၄၀၀.jpg

အဆိုပါပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ နဲ့တကွ လွှတ်တော်ကိုယ်စား လှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိလူကြီးမင်းများ၊ Htoo Group ကုမ္မဏီမှ တာဝန်ရှိလူကြီး မင်းများ၊ Forever Groupမှ တာဝန်ရှိလူကြီးမင်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော် လူကြီးမင်းများနဲ့ မီဒီယာအသီးသီးတက်ရောက်ခဲ့ကြပါတယ်။

maymyo၄၀၀.jpg

၁၄ကြိမ်မြောက်အဖြစ်ပြုလုပ်သွားမယ့် အစဉ်အလာကြီးမားတဲ့ ပန်းပွဲတော် Culture Of Flowers ပွဲတော်ကြီး ကို ဒီဇင်ဘာလ(၁၅)ရက်နေ့တာဝန်ရှိလူကြီးမင်းများနဲ့ ဖဲကြိုးဖြတ်ဖွင့်လှစ်သွားခဲ့သလို အဆိုတော်စိုင်းစို င်းခမ်းလှိုင်ရဲ့ သီဆိုဖျော်ဖြေမှုနဲ့ အတူ  အောင်မြင်စွာဖွင့်လှစ်ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။ ယင်းပွဲတော်ကြီးကို  ပြင်ဦး လွင်မြို့၊မေမြို့မှာ ဒီဇင်ဘာလ(၁၅)ရက်နေ့ မှ ၂၀၂၀ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

saikhan၄၀၀.jpg

ပန်းပွဲတော် ကာလအတွင်း အစဉ်အလာနှင့် အညီ ဂီတဖျော်ဖြေရေးပွဲတော်၊ ဈေးရောင်းပွဲတော်၊ ဓါတ်ပုံပြိုင်ပွဲ  တွေပါကျင်းပသွားမှာဖြစ်ပြီး ဒီနှစ်မှာပိုမိုထူးခြားသွားအောင် ဂီတဖျော်ဖြေရေးပွဲကို Forever Group/ FG Entertainment နဲ့ ပူးပေါင်းဆောင်ရွက်ထားတာဖြစ်လို့ ဒီနှစ်မှာတကယ်ကို ပျော်ရွှင်စရာကောင်းတဲ့ အစီ အစဉ်များဖြင့်ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

Wailin၄၀၀.jpg

ဒါ့အပြင်ယခုနှစ်ပန်းပွဲတော်ကို ပိုမိုထူးခြားပြီး ဆွဲဆောင်မှုရှိစေဖို့ နယ်သာလန်နိုင်ငံအခြေစိုက် ဥယျာဉ်ပ န်းမန်များဆိုင်ရာ ထင်ရှားသော ကုမ္မဏီဖြစ်တဲ့ IGMPR Flower & Gardening Company ကလည်း ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

macd၇၅၀.jpg

From: Myanma Platform