Welcome to 2020 with the launch of ISKCON (Myanmar) Food For Life Foundation

၂၀၂၀ ကို မေတ္တာဖြင့် ကြိုဆိုခြင်းနှင့် ISKCON (Myanmar) Food For Life Foundation မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပခဲ့

အပြည်ပြည်ဆိုင်ရာ ကရိသ်ျှဏအနုဿတိအသင်း (မြန်မာနိုင်ငံ) မှ ကြီးမှူးကျင်းပသည့် ၂၀၂၀ ကို မေတ္တာဖြင့် ကြိုဆိုခြင်းနှင့် ISKCON (Myanmar) Food For Life Foundation အား မိတ်ဆက်ခြင်း အခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်ညပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ Pan Pacific Hotel တွင်ကျင်းပခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ကရိသ်ျှဏအနုဿတိအသင်း (မြန်မာနိုင်ငံ) အနေဖြင့် မြန်မာနိုင်ငံရှိ နွမ်းပါးကလေးငယ်များအား ၂၀၂၀ တစ်နှစ်လုံး သားသတ်လွတ်ထမင်း တစ်လလျှင် သိန်း ၆၀ မှ ၇၀ အကုန်အကျခံကာ ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

“နွမ်းပါးတဲ့ကလေးတွေကို အာဟာရပြည့်ပြည့်ဝဝစားစေချင်တယ်။နောက်တစ်ချက်က အာဟာရပြည့် တဲ့သားသတ်လွတ်အစားအစာတွေကိုစားပြီးလည်းအာဟာရဖြစ်နိုင်တယ်ဆိုတာကိုပြောချင်တာပါတယ်” ဟု ဦးဆောင်ဆရာတော် ဦးရှရီဝါးစ် ပဏ္ဍိသ်ဒါးစ် ကပြောသည်။

အဆိုပါ အစီအစဉ်ကို၂၀၂၀ ခုနှစ်တွင် စတင်မည်ဖြစ်ရာပထမဆုံး အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ ဘုံပျံ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ရွေးချယ်ထားကြောင်းသိရသည်။

ယင်းအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာဆော်ရက်(ဘ်)ကူမား၊ ဟိန္ဒူဘာသာရေး ခေါင်း ဆောင်များ၊ ဘာသာရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဟိန္ဒူဘာသာဝင်များနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြေကြောင်း သိရသည်။

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူ ၂ ဦး
ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူ ၃ ဦး၊ ပြုံးနေသော လူများ၊ ရပ်နေသော လူများ၊ မင်္ဂလာဆောင် နှင့် ပန်း
ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူ ၂ ဦး၊ ရပ်နေသော လူများ
ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူ ၂ ဦး၊ စင်ပေါ်ရှိ လူများ၊ ကလေး နှင့် အခန်းတွင်း
From: Myanmaalin