Memorandum of Understanding between the Department of Education and Training and Bridge Asia Japan

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Bridge Asia Japan တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေး နှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် Bridge Asia Japan (BAJ) တို့အကြား ချုပ်ဆို သည့် ကရင်ပြည်နယ် ဘားအံမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ် များ စက်မှုလက်မှုပညာသင်တန်း ကျောင်း လုပ်ငန်းအကောင်အထည် ဖော်မှု စွမ်းဆောင်ရည်မြှင့်တင်ပေး ခြင်း စီမံကိန်းဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီ တွင် နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လက်မှတ်ရေးထိုး
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က အမှာစကားပြောကြားပြီး BAJ မှ ဌာနေကိုယ်စားလှယ် Ms. Akiko Mori က နားလည်မှု စာချွန်လွှာနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် ပညာရေး နှင့် လေ့ကျင့်‌ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးသိန်းဌေးဦးနှင့် BAJ မှ ဌာနေကိုယ်စားလှယ် Ms. Akiko Mori တို့က နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြပြီး အပြန်အလှန်လဲလှယ် ကြသည်။

လေ့ကျင့်သင်ကြားပေး
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နှင့် BAJ တို့ ပူးပေါင်း၍ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ခြောက်နှစ်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၂ သန်းဖြင့် ကရင်ပြည်နယ် ဘားအံမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှု လက်မှု သင်တန်းကျောင်းတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ် များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ဆောက်လုပ်ရေး သင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေ သင်တန်း၊ မော်တော်ယာဉ်စက်ပြင် သင်တန်းနှင့် လက်ကိုင်ဖုန်းသင်တန်း များ လေ့ကျင့်သင်ကြားပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ စီမံကိန်းကာလသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ကုန်ဆုံးမည် ဖြစ်၍ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာလ အတွက် အမေရိကန်ဒေါ်လာ ၀ ဒသမ ၇၄ သန်းဖြင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ စီမံကိန်းလုပ်ငန်း များ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

FROM : MYANMAALINN