Earlier this month Over 500 tons of rice is exported to Angola ,As a new rice consumer market

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ယခုလဆန်းပိုင်းတွင် ဆန်ဖောက်သည်စျေးကွက်သစ်နိုင်ငံအဖြစ် အန်ဂိုလာနိုင်ငံသို့ ဆန်တန်ချိန် ၅၀၀ ကျော် တင်ပို့ထား

မြန်မာနိုင်ငံအနေဖြင့် ယခုလဆန်းပိုင်းတွင် အန်ဂိုလာနိုင်ငံသို့ ဆန်ဖောက်သည်စျေးကွက်သစ်နိုင်ငံအဖြစ် ဆန်တန်ချိန် ၅ဝဝကျော် ချိတ်ဆက်တင်ပို့ရောင်းချပေးနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ ဆန်ပိုမိုတင်ပို့နိုင်ရန် ဖောက်သည်စျေးကွက်သစ်နိုင်ငံများကို ရှာဖွေလျက်ရှိပြီး လက်ရှိတွင် အာရှ နိုင်ငံများအပြင် အီးယူနှင့် အာဖရိကနိုင်ငံများကိုပါ တင်ပို့လာနိုင်ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၁ရက်မှ ရရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၁၁သန်းကျော် တန်ဖိုးရှိ ဆန်တန်ချိန် ၃၅၆၀၀ ကျော်ကို တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။

ပင်လယ်ရေကြောင်းမှ တစ်ဆင့် တင်ပို့ခဲ့ရာတွင် အာရှနိုင်ငံများသို့ တန်ချိန် ၁၅ဝဝဝကျော်၊ အီးယူနိုင်ငံများသို့ တန်ချိန် ၂၆ဝဝခန့်နှင့် ဖောက်သည်စျေးကွက်သစ် အန်ဂိုလာနိုင်ငံ အပါအဝင် အာဖရိက နိုင်ငံများသို့ တန်ချိန် ၁၈ဝဝဝခန့် တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။

ထို့အတူ အဆိုပါ ကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တစ်ဆင့် အမေရိကန်ဒေါ်လာ နှစ်သန်းကျော် တန်ဖိုးရှိသည့် ဆန်တန်ချိန် ၉၄ဝဝကျော်ကို တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။

from : MYANMAR PLATFORM