According to Hindu custom,Hindu family celebrates 50,000 lamps in Kyaikthiyu pagoda

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ဟိန္ဒူဓလေ့ထုံးတမ်းစဉ်လာအတိုင်း ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တွင် ဟိန္ဒူမိသားစုဝင်များ၏ ဆီမီး(၅၀ဝ၀)ပူဇော်ပွဲ ကျင်းပပြုလုပ်မည်

Myawady Daily Newspaper_Page12_Image2.jpg

ဟိန္ဒူဓလေ့ထုံးတမ်းစဉ်လာအတိုင်း  ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တွင် ဟိန္ဒူမိသားစုဝင်များ၏ ဆီမီး(၅၀ဝ၀)ပူဇော်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

ဟိန္ဒူမိသားစုဝင်များ၏ ဆီမီး(၅၀ဝ၀)ပူဇော်ပွဲကို ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တွင် ဇန်နဝါရီ ၁၈ ရက် (စနေနေ့) ညနေ ၄နာရီခွဲ အချိန်တွင် ပူဇော်ကျင်းပသွားမည်ဖြစ်ရာ အလှူရှင်များနှင့် လိုက်ပါလိုသူများ ဇန်နဝါရီ ၁၃ရက်မတိုင်မီ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရပါတယ်။

အဆိုပါ ခရီးစဉ်အတွက် အသွား/အပြန် ကားလက်မှတ်ခအပါဝင် စရိတ်မှာ ၁၃၅၀ဝိကျပ် ဖြစ်ပြီး လိုက်ပါပူဇော်လိုသူများအနေဖြင့် ရန်ကုန်မြို့တွင်း စုရပ်များအသီးသီး သတ်မှတ်ထားရာ အလုံမြို့နယ်၊ ဆင်မင်းဈေးရှေ့၊ ပန်းဘဲတန်းမြို့နယ်၊ ၂၉ လမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ မြန်မာ့အာမခံရုံးရှေ့၊ ဗိုလ်အောင်ကျော်လမ်း (အောက်)ရှိ မဟတ္တမဂန္ဓီခန်းမဆောင်ရှေ့ နှင့် ဗိုလ်အောင်ကျော်လမ်း(လယ်)ရှိ သျှရီသျှရီဒူရ်ဂါဘာရီ ဘုရားကျောင်း တို့တွင် စုပေါင်းကားထွက်ခွာမည်ဖြစ်၍ S.K.P Chandran ဝ၉၅၀ဝ၆၅၄၄၊ ကိုမောင်သိန်း ဝ၉၈၆၄၁၃၀၄၊ ကိုဆ(ရ်)ဝမ်း ဝ၉၅၁၀၈၅၄၁၊ ကိုဘာဘူလေး ဝ၉၅၁၉၂၁၆၅၊ ကိုဟရီးယား ဝ၉၇၃၂၄၂၅၃၃၊ ကျော်သန်းဝင်း(ခ) Rajesh ဝ၉၂၅၄၂၂၂၃၃၊ ဝ၁-၃၈၅၃၉၆ တို့သို့ ဆက်သွယ်နိုင်ကြောင်းသိရပါတယ်။

From: Myanma Platform