Kayin Traditional Jacket Competition will held as Kayin New Year celebrations at Hpa-an’s Zwekabin

更多精采内容请下载官方APP: 苹果(iPhone)、安卓(Android)安卓国内下载(APK)

ကရင် နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ကရင်ရိုးရာ ဂျပ်ခုတ်ဒီဇိုင်းပြိုင်ပွဲ ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ကျင်းပမည်

80376010_2448134032093757_5967393136899522560_o.jpg

ကရင် နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ကရင်ရိုးရာ ဂျပ်ခုတ်ဒီဇိုင်းပြိုင်ပွဲ ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်း မြို့နယ် ပြန်/ဆက်မှ သိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက်တွင် ကျရောက်မည့် ကရင်ရိုးရာ ဂျပ်ခုတ်ဒီဇိုင်းပြိုင်ပွဲကို ကရင်ပြည်နယ်အစိုးရ အဖွဲ့က ကြီးမှူးကာ  ဒီဇင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီတွင် ဘားအံမြို့ ဇွဲကပင် ခန်းမတွင်   ကျင်းပသွားမည်ဖြစ်ပြီး ကရင် ရိုးရာဂျပ်ခုတ်အမွေအနှစ်များ ပျက်စီး ပျောက်ကွယ်သွားခြင်း မရှိစေရေး အတွက် ရိုးရာဂျပ်ခုတ် ပညာရပ်ကို လက်ဆင့်ကမ်း ထိန်းသိမ်း စောင့် ရှောက် သွားကြစေလိုသော ရည်ရွယ် ချက်ဖြင့် အဆိုပါပြိုင်ပွဲကို ကျင်းပရ ခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ကရင်ရိုးရာ ဂျပ်ခုတ် ဒီဇိုင်းပြိုင်ပွဲကို မည်သူမဆိုအခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ကာ ဆုရရှိသော ဂျပ်ခုတ်အဖွဲ့များအား ကရင်နှစ်သစ် ကူးနေ့အခမ်းအနားတွင် ပြည်နယ် အစိုးရအဖွဲ့က ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

From: Myanma Platform