Travelers from five foreign countries will be granted a visa on arrival

ပြည်ပငါးနိုင်ငံမှခရီးသွားများအားဆိုက်ရောက်ဗီဇာဖြင့် ဝင်ခွင့်ပြုမည်

လေကြောင်းဖြင့် လာရောက်မည့် သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူ သြစတြီးယား၊ ချက်၊ ဟန်ဂေရီ၊ လူဇင်ဘတ်နှင့် နယူးဇီလန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအား ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်)ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၁) ရက်မှေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်အထိ စမ်းသပ်ကာလ (၃) နှစ် သတ်မှတ်ခွင့်ပြုမည် ဖြစ်ကြောင်းအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာ န၏ ထုတ်ပြန်ချက်အရသိရသည်။

ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) အတွက် ဗီဇာကြေး အမေရိကန်ဒေါ်လာ (၅၀) ကောက်ခံ၍ နေခွင့် (၃၀) ရက် ခွင့်ပြုပေးမည်ဖြစ်ပြီး အလည်အပတ်ရည်ရွယ်ချက်ဖြင့် ဝင်ရောက်ခြင်းအတွက်သာ ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

သို့သော်နေခွင့်သက်တမ်းတိုးရန် လျှောက်ထားခြင်းကို ခွင့်ပြုမည် မဟုတ်ကြောင်း၊ ဆိုက်ရောက်ဗီဇာ ကမ္ဘာလှည့်ဖြင့် ဝင်ရောက်လာသော သာမန်နိုင်ငံကူး လက်မှတ်ကိုင် ဆောင်သူ သြစတြီးယား၊ ချက်၊ ဟန်ဂေရီ၊ လူဇင်ဘတ်နှင့် နယူးဇီလန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊လုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း လုံခြုံရေးအရ ကန့်သတ်ထားသောနယ်မြေမှအပ နိုင်ငံခြားသားများ သွားလာခွင့်ရှိသည့် နေရာ များကိုသာ လွတ်လပ်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

FROM ; PYI MYANMAR